မျဥ်းဖြူများ
Posted on May 25, 2020
အခါးတွေက
လျှာပေါ်ရောက်မလာဘူး
နှလုံးသားထဲ စိမ့်ဝင်သွားတယ်။
အရက်က ချိုတယ်။
နောင်တက ခါးတယ်။
အမှန်တရားဟာ
လည်ဂုတ်ထဲ ထိုးသွင်းလိုက်တဲ့ ဝက်အူလှည့်ပဲ
ပြန်လမ်း ... ပျောက်။
အမှန်နဲ့ အမှားကြားက
အဖြူရောင်မျဥ်းများ
သူငယ်ချင်းတွေကြားက
အဖြူရောင်မျဥ်းများ
အချစ်နဲ့အမုန်း
အဖြူရောင်မျဥ်းများ
အခု မရှိတော့ဘူး...
သုညတွေကို မီးပုံရှို့
ပြာတွေကြားက ရုန်းထဖို့ ကြိုးစားခဲ့တဲ့ ငှက်ငယ်
လေထဲလွင့်ပျံတဲ့ ပြာမှုန်လေးတွေအဖြစ်နဲ့ပဲ
အေးချမ်းစွာ အနားယူပါတော့
လူကျန်တွေကတော့
ရှေ့ဆက် အခါးတွေ ထမ်းထားကြရုံပါပဲ။
Ref : White Lines Netflix series
25/05/2020 မနက် ၃း၄၈