ပုခုံးပေါ်က လက်တစ်ဖက်

Posted on Jun 7, 2020
ကျွန်တော့် ပုခုံးပေါ်မှာ လက်တစ်ဖက်ရှိတယ်
လက်ပိုင်ရှင်ကတော့ သွားနှင့်ခဲ့ပြီ
သူနဲ့အတူ ကြယ်တာရာစစ်ပွဲများကို ရုပ်ရှင်ရုံမှာ ကြည့်ခဲ့ဖူးတယ်
နယ်တလီပေါ့တမင်းကို အဲ့ဒီမှာ အသည်းစွဲခဲ့တာပေါ့
နေ့လည်နေ့ခင် ပျင်းပျင်းရှိရင် နေပူပူထဲ တူတူ စာအုပ် ထွက်ငှားခဲ့ကြ
သိုင်းဝတ္ထုတွေ တစ်အုပ်ပြီးတစ်အုပ်
သစ်ခွဖျော်ရည်တွေလို သောက်သုံးခဲ့ကြ
နူကလီယားတော့ တီထွင်မသွားခဲ့ဘူး
ကျွန်တော့အတွက်ဘဝလမ်းကြောင်းတော့ ထွင်ပေးခဲ့တယ်
ပီပဲ ခေါ်  မမေသူ
ခွဲခွာခြင်းတွေ တစ်နှစ်တစ်ခါ။ ၂၇ခါ ဖြစ်ခဲ့။
ညနက်နက်ထဲ အဖေရဲ့ ဝမ်းနည်းနာကျည်းတဲ့ တောက်ခေါက်သံပြင်းပြင်း
တစ်ချို့ညတွေထဲထိ ကျွန်တော ကြားယောင်နေတုန်း

၈-၆-၂၀၂၀ မနက် ၁နာရီ