ဆာလောင်ခြင်း
ဘဝဆိုတဲ့ကောင်က ဂြိုလ်ထနေတယ် ငါ့မှာ မူးတူးမင်တင် ဝေဝေဝါးဝါး ဘာဖြစ်တာလဲ သေချာကြည့်မှ ဆာလောင်မှုဖြစ်နေတယ် ဘာတွေ ဆာလောင်နေတာလဲ ကိုဘဝကြီးရယ် ဂုဏ်တွေ ငွေတွေလား ထင်ပေါ်ကျော်ကြားမှုလား တီထွင်ဖန်တီးနိုင်မှုတွေကိုလား မတရားမှုကို အဆုံးစွန်းထိ ပြန်ချမှာကိုလား ဘဝက ခပ်ပြတ်ပြတ်ပြောတယ် ကျုပ်က ဗိုက်ဆာတာဗျ တဲ့ အမလေး ငါ့နှဲ့ မိုးတိုးမက်တပ်အိပ်မက်တွေ ပြစ်ထားခဲ့ပြီး ဝေလီဝေလင်း အစာရှာထွက်ရပြီ အိပ်ရေးပျက်ရပါတယ် ကိုဘဝကြီးရယ်