အိမ်မက် အရွှေ့
ဒဏ်ရာစီးကြောင်းထဲ ငါတို့ အိမ်မက်တွေရဲ့ ခံတပ် ပျက်ခဲ့ရ ကြံ့ကြံ့မခံနိုင်ခဲ့ဘူး အရွှေ့တစ်ရွှေ့မှာ ဝိဉာဥ်ဟောင်းလက်ပေါင်းများစွာရဲ့ ဆုပ်ကိုင်ဆွဲငင်ခြင်းခံရ အစွယ်ဖွေးဖွေးအတိတ်တစ္ဆေဟာ ငါတို့ ထမ်းပိုးသွားရမယ့် ဝန်ထုတ်တစ်ခုဆိုတာ လက်ခံလိုက်ရတယ် နှစ်ကာလတွေက အိမ်မက်တွေကို ပုံစံဖျက်ပြီး အဝေးကြီးကို ရွှေ့ပြစ်လိုက်ကြတယ် ဝမ်းနည်းစရာကောင်းလိုက်တာ အိမ်မက်ဟောင်းတွေကို ငါတို့ မမှတ်မိနိုင်တော့ဘူး