နှစ်ကမ္ဘာခြား
Posted on Jun 26, 2024
ဒီကမ္ဘာကြီးအတွက် ငါတို့ဟာ ကြမ်းပိုးအကောင်လေးတွေပါပဲ
သူ့အသွေးအသားကို စားသုံးပြီး အချင်းချင်းသတ်ဖြတ်နေရတာ ကြိုက်တဲ့ကောင်တွေပေါ့။
အမှုန်အမွားလေးကနေ စောက်ကြီးစောက်ကျယ် စကြာဝဠာကြီး ဖြစ်ချင်နေကြတာက အစ
အိမ်မက်တွေ ရွက်လွှင့်ပြီး ထင်ရာဆိုင်းခဲ့တာမှာလည်း အဆုံးမသတ်ခဲ့ပါဘူး
အဲဒီလို
အမိုးအကာလေးတွေကို ရှာဖွေပြီး ပန်းတွေပြည့်နှက်သော ကောင်းကင်ကို မျှော်နေကြတဲ့ စိတ်ကူးတွေ။
အဲဒီလို
အဆိုးတစ်ဖက် အကောင်းတစ်လက်၊ နှစ်ကမ္ဘာခြား အိမ်မက်ဆိုးတွေနဲ့ နှစ်ကမ္ဘာခြား ပန်းတဝေဝေနဲ့
အဲဒီလို
မြင်သမျှ မြင်ကွင်းထဲမှာ အသက်ရှူရင်း မီးရှိုက်ရင်း
ပြာဖြစ်လည်း ပြာအလျှောက်၊ အသွေးအသားလည်း အသွေးအသားအလျှောက် ဖြစ်ခဲ့ ရှိခဲ့
အရှင်လတ်လတ်ငရဲမှာ အရိုးရလည်းပျော် အသားရလည်းပျော် ဘာရရပျော်ခဲ့
ရူးမသွားကြဖို့ ဖုန်းမျက်နှာပြင်တွေကို ဖက်တွယ်ထားခဲ့ရ။
မီးစာမကုန်ခင်လေး အတောက်ပဆုံး လင်းလက်လိုက်ရမလား၊ အပူမြိုက်ဆုံး လောင်ကျွမ်းလိုက်ရမလား။
ဝင်လေ ထွက်လေကြား နှစ်ကမ္ဘာခြား။