တနင်္လာနေ့ကိုမှ လိုချင်ခဲ့တယ် တဲ့လား
မိုးတွေ ညိုလာတော့ ငါ့မှာ ပစ်လှဲကျလိုက်ဖို့ အဆင်သင့်ရယ် အမှောင်အမိုက်ထဲ ပြိုလဲခြင်းဟာ အဖြေတစ်ခုလဲ ဖြစ်နိုင်တာပဲ ခရီးတွေရဲ ရာဇဝင်ကို ဖိနပ်လေးဟာ မဖွင့်ဟနိုင် ငါ့ရဲ့ ဆိတ်ငြိမ်ခြင်းဟာ ပွက်ပွက်ဆူလို့ ကိုယ်တိုင်ရေး ကိုယ်တိုင်ငို အပေါစား ဟာသတွေ အထပ်လိုက် အထီးကျန်။ တစ်ယောက်တည်း။ တစ်ကိုယ်ထဲ။ လူမဲ့။ ပဲတင့်ထပ် အဓိပ္ပါယ်တွေ မွစာပြန့်ကျဲ ရေမျောကမ်းတင် စကားလုံးတွေထဲ ဘဝက နေပျော်ပါတယ်၊ ထားလိုက်ပါတော့။ ၂၇ သြဂုတ် ၂၀၂၅ ၁၁း၁၅ ည