ချစ်သူ
အခုဆိုရင် ရာသီဥတုတစ်ခုစာမက ငါတို့ ဖြတ်သန်းကြရတော့မယ် ဖျားနာခြင်းကင်းတဲ့ အချစ်မှာ ဖျားနာဖို့ ဘဝကို သက်တံဖျော်ရည်တိုက်ဖို့ ငါတို့အတွက် မလိုအပ်ဘူး ဒါပေမယ့် ချစ်ခြင်းတရားရဲ့ ကြီးမြတ်လှတဲ့ ကျေးဇူးတော်မှာ ငါတို့ ညွှတ်နူးကြရဲ့ ငါတို့ရဲ့ ယုံကြည်မှုတွေဟာ ငွေ့ရေဖွဲ့ထားတဲ့ တိမ်တစ်အုပ်လည်း မဟုတ်ပေဘူး ရူးသွပ်မှုဆိုတာ ငါတို့နှစ်ယောက်ကြားမှာတော့ ရယ်စရာသက်သက် အနာဂတ်ကို ခက်ခက်ခဲခဲမတွေးခေါ်ဘဲ မင်းလျှောက်ချင်တဲ့ခရီးကို ငါ့ခြေထောက်နဲ့ လျှောက်ပြီး ငါကြည့်ချင်တဲ့ အလှအပတရားကို မင်းနှလုံးသားနဲ့ကြည့်ကြဖို့ ငါတို့ မျှော်လင့် ရှေ့တစ်လျှောက် ငါတို့ စမ်းချောင်းလေးလို စီးဆင်ကြစို့ …။ ။…
ကွန်ရက်
ငါက တိမ်တွေလို လွှင့်မျောလိုက်ချင်တယ် မင်းကတော့ ကောင်းကင်လုပ်ပေါ့ … တစ်ခါတစ်ခါ ငါက လွှင့်ချင်တိုင်း လွှင့်တတ်တယ် ကလေးရဲ့ ဒါပေမယ့် သေချာပါတယ် နောက်ဆုံးတော့ မင်းရင်ခွင်အောက်ပဲ … ပြန်ရောက်ခဲ့ ။ တကယ်တော့ အချစ်ဆိုတာ တစ်ယောက် အသက်ကို တစ်ယောက်က ကူရှုပေးတာပဲတဲ့ ဒီလို ချစ်ခြင်းတရား ရိုးရိုးလေးတစ်ခုမှာ ငါတို့ နားလည်မှုတွေ ရှုပ်ထွေးမနေဖို့ပဲ လိုအပ်တယ် ဖြစ်နိုင်ရင် ငါတို့ လျှောက်ရဦးမယ့် လမ်းတွေ အတွက် ငါ့ လက်ကို မြဲမြဲကိုင်ထား ကလေးရေ …။…
တိုးတိုးလေးချစ်
မင်းဟာ ငါ လက်မခံနိုင်တဲ့ အမှန်တရား ပလက်ထိုးထားတဲ့ မီးပူ မီးပျက်နေတဲ့ ချောက်ကမ်းပါး ခံစားချက်က စကားမပြောနိုင်တဲ့ ပါးစပ်နဲ့ ဖွဲ့နွဲ့ ဒီလိုပဲ အလွမ်းဂျင်းဘောင်းဘီကို ဝတ် တိမ်ရိုင်းတွေကို စီးနေလိုက်တော့တယ် မင်းလက်တွေက ငါ့နှလုံးသား သက်တံအစစ်ကို စက္ကူပေါ်မှာ ရေးဆွဲ လေယဉ်လုပ်ပြီး ဆော့တယ် နှုတ်ခမ်းတွေက ကြောက်မက်ဖွယ် ဘီလူးတစ်သိန်းရဲ့ အပြုံးနဲ့ ပြာလဲ့ ရင်ခုန်သံ ကြိမ်နှုန်း \- တစ်မိနစ် 3500 ငါက သိပ် ချစ် ခဲ့…
မိသားစုကောင်းကင်
မုန်တိုင်းစဲပြီးတဲ့ တစ်နေ့ပေါ့ ချစ်ခြင်းအတ္တတွေထဲ နှစ်မြုပ်နေတဲ့ ကျွန်တော်ရဲ့ စိတ်ကလေးကို ဆွဲနှုတ်လို့ ကျွန်တော် အိမ်ပြန်ခဲ့ပါတယ် နွေးထွေးမှုတွေရှိရာ… အမေ့ရဲ့ မနက်ခင်းများရှိရာ ကိုပေါ့… အဖေပေးတဲ့ ဝက်ခ်ကင်းရှုးလေးက ကျွန်တော့်လမ်းတစ်လျှောက် ခြေရာတွေကို ညင်သာစေခဲ့ပါတယ် အခုတစ်လောတော့ အမေရဲ့ ဆူဟောက်ညီးထွားသံမှ မကြားရရင် ကျွန်တော့်မှာ ညဘက်, ညဘက် အိပ်ပျော်အောင် မနည်း ကြိုးစားနေရတယ် ကျွန်တော်က လိမ္မာတဲ့ သားဆိုးပါ အမေ … အဖေအမေတို့ရဲ့ ‘မိသားစုမိုး’ လေးမှာ ကျွန်တော်လည်း တက်ညီလက်ညီ ရွာချင်ပါတယ် အဖေဆာလောင်တဲ့ ထမင်းဝိုင်းလေးကို ကျွန်တော်လည်း ဆာလောင်တာပေါ့ အမေရယ် ကျွန်တော်လည်း ကျွန်တော် တတ်သလောက်မှတ်သလောက်တော့ ရွာနိုင်မှာပါ ဒီည အိပ်မက်ထဲမှာ ကျွန်တော် ငှက်ကလေးဖြစ်သွားလိမ့်မယ် မိသားစုကောင်းကင်မှာ ပျံဖို့ …။ ။…
လမ်း
သူငယ်ချင်းရေ သားရဲပေါတဲ့ ဒီလမ်းမှာ မိုးခါးရေ မသောက်ကြေးဆိုရင် ရိုးသားမှုကိုသာ ကိုးကွယ်ကြစို့ရဲ့ ဒီလို ငါတို့ရဲ့ သွေးတွေနဲ့ ပေးဆပ်ရလိမ့်ဦးမယ် အခုတော့ နောက်ကျနေတဲ့ ကံတရားက နစ်မွန်းသူများစွာရဲ့ ဆွဲအားနဲ့လေးလံလို့ ရက်စက်ကြမ်းကြုတ်မှုတစ်ဝက်တစ်ပျက်နဲ့လမ်းဟာ ဓားပြဆန်ဆန်ပြုံးလေရဲ့ … ထားခဲ့ကြ … ငါတို့ကို မြေမြုပ်သင်္ဂြိုဟ်နေတဲ့ ¬¬¬¬အကြောက်တရားတွေကို ဖွက်ထားခဲ့ကြ ယုံကြည်မှုမှာ ခိုင်မာရင် ငါတို့လျှောက်မယ့်လမ်းဟာ အောင်ပွဲပါပဲ ရှေ့ဆက်လျှောက်ရမယ့် ခြေလှမ်း သန်းပေါင်းများစွာမှာ သူငယ်ချင်းရေ… ရဲရင့်လိုက်ကြစို့ကွာ ……
နိဒါန်းမှာ ပြိုကွဲ
ဖွင့်ထားတဲ့ လက်နဲ့ မင်းကို ငါ လက်ခံခဲ့ရတယ် ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး ငါ ဘာမှ ဖြည့်ဆည်း မပေးနိုင်ခဲ့ဘူး မင်းရဲ့ ဆံဖျားလေးတွေက စလို့၊ မင်းရဲ့ လက်သည်းလေးတွေ အဆုံးထိ ငါ နှိမ့်ကျစွာ ရှင်သန်ခဲ့တာပါ ငါ့ရဲ့ ပျော်ဝင်မှုမှာ ငါဘာမှ မမျှော်လင့်ခဲ့တာတော့ သေချာတယ် ဒီလိုပဲလေ အချစ်က တစ်ခါပေးဆပ်ဖူးရင် နောက်ထပ်, နောက်ထပ် ထပ်ပြီး ပေးဆပ်ရဦးမှာပဲ တစ်ခါဆာလောင်ဖူးရင် နောက်ထပ်, နောက်ထပ် ထပ်ပြီး ဆာလောင်လာဦးမှာပဲ အချစ်မှာ ဘယ်တော့မှ မပြည့်စုံဘူး မင်းရဲ့ နှုတ်ခမ်းဖျားလေးမှာ ငါ မှည့်လေးဖြစ်ပါရစေ မင်းရဲ့ စိုးရွံ့မှုမှာ ငါက အင်အားတွေဖြစ်ပါရစေ ဒီလိုမှ မဟုတ်ရင် မင်းရဲ့ အလိုမကျမှုမှာ ငါ ရှောင်ပြေးရုံပေါ့ ဘယ်အချိန်ပဲဖြစ်ဖြစ်ပေါ့ ညီမလေးရယ် ငါ့ရဲ့ လက်တွေကိုတော့ အမြဲဖွင့်ထားပါတယ် အဖြည့်ခံဖို့ ……
မုဆိုးအက
တစ်တောလုံးကြွေမှ ငါက အပင်စပေါက်တယ် သူက သမင်အက ကပြီး ငါက မုဆိုး မလုပ်တတ်ဘူး ဒီလိုနဲ့ ကိုယ့်စိတ္တဇကိုကိုယ် ဆာလောင်စွာ ဖုန်းခဏခဏ ဆက်ရ ချစ်ခြင်းကို တူးခါးအောင် မကြောင်နဲ့!! ဒီနေ့လို ငြိမ်သက်မှုမျိုးနဲ့ဆို မနက်ဖြန်ဟာ မသန်စွမ်းနိုင်ဘူး လွမ်းဆွတ်ခြင်းက တစ်စက္ကန့်တိုင်း နှစ်ဆတိုး, တိုးလာ ရင်ဘတ်ထဲက တစ်တောလုံး … ခွေအတွေ အူကြ တစ်ကမ္ဘာလုံးရွာနေတဲ့ ချစ်ခြင်းတရား ၁၅၀၀ ငါ့ဆီမှာမှ မိုးခေါင်ရေရှား သမင်အကနဲ့ ညီမလေးရေ ကိုယ်က အခုမှ မြှားတွေ ချွန်နေတုန်း …။ ။…
နှလုံးသားယဉ်ကျေးမှု
ငါရဲ့ ချစ်ခြင်းအဖွဲ့အနွဲ့လေးရေ … မရေရာတဲ့ အဓိပ္ပာယ်တွေကြားမှာ ငါတို့ တစ်ယောက်ရဲ့ နုပျိုခြင်းကို တစ်ယောက် သောက်သုံး တစ်ယောက် အရေအပြားအောက် တစ်ယောက် ခိုလှုံရင်း အတိုက်အခိုက် ဗလပွနဲ့ လမ်းကို ငါတို့ ခြေထောက်အောက်မှာ ယဉ်ကျေးအောင် သွန်သင်မယ်။ လိုက်ခဲ့လို့ ခေါ်စရာမလိုအောင် ငါ့ဘေးမှာ မင်းရှိနေပြီးသား ကြောက်ရွံ့ခြင်းတွေ ချန်ထားခဲ့လို့ ပြောစရာမလိုအောင် မင်းနဲ့ငါက ရဲရင့်ပြီးသား ဟုတ်တယ် ချစ်ခြင်းမှာ ငါတို့ ဘာကိုမှ အကြောက်အရွံ့မရှိဘူး ဘယ်သူမှ နားလည်မှာမဟုတ်တဲ့ ငါတို့ရဲ့ နားလည်ခြင်းများ ဘယ်သူမှ ယုံကြည်မှာမဟုတ်တဲ့ ငါတို့ရဲ့ ယုံကြည်ခြင်းများ ငါတို့နှစ်ယောက်ကြားမှာ အသားစလေးတောင် မခြားဘူး အဖွဲ့အနွဲ့လေးရေ … နာကျင်ခြင်းနဲ့ အမုန်းဘာသာရပ်တွေကို ငါတို့ သင်ရိုးထဲမှာ ချန်လှပ်ထားခဲ့ ယဉ်ကျေးပြီးသား ငါတို့ နှလုံးသားတွေနဲ့ အကြင်နာတရားဆိုတာကို သင်ပြကြစို့ရဲ့ …။ ။…
ချစ်ခြင်းဖြင့် ဖူးပွင့်သော
ပူလောင်လှတဲ့ နွေလယ်ခေါင်ရဲ့ နေရောင်မှာ ကိုယ့်တစ်ကိုယ်လုံး အချစ်ပွင့်တွေနဲ့ တဖျတ်ဖျတ်ဖူးပွင့် နှလုံးသားပေါ် အချစ်ပွင့်တွေ သာသာလေးကြွေပုံက တဒိန်းဒိန်းနဲ့ ကမ္ဘာကြီးတောင် ကြားရရဲ့လေ ညီမလေးရေ.. အစွမ်းထက်လှချည်လားလို့ ကိုယ့်မှာ တအံတသြ ကြီးမြတ်တဲ့ ရှင်သန်ခြင်း, အချစ်နဲ့ အသစ်မွေးဖွားခဲ့ပါတယ် ကိုယ့်လက်အစုံနဲ့ ခံယူဖို့ ပူလောင်ခြင်းဆိုလည်း ရဲပါတယ် ကိုယ့်အတွက် မင်းရဲ့အဓိပ္ပာယ်ဟာ ချစ်ခြင်းထက်ပိုတယ် သိလား ကိုယ်မြတ်နိုးရတဲ့ ညီမလေးရဲ့ အတင်းကြီးယုံပါလို့လည်း မပြောချင်ဘူး နှလုံးသားချင်း သိကြရမယ့် ကိစ္စမှာ ဘာကြောင့် စကားလုံးတွေ အလဟဿဖြုန်းတီးပစ်ရမှာလဲ သံသယခြကောင်တွေကို သတ်ပစ်လိုက် သူတို့ရဲ့ တောင်ပို့ကိုပါ ဖြိုပစ်ခဲ့ ချစ်ခြင်းနဲ့ တည်ဆောက်ထားတဲ့ အနာဂတ်မှာ တစ်ယောက်နှလုံးသားကို တစ်ယောက်လက်တွဲလို့ တစ်ယောက်အချစ်မှာ တစ်ယောက် ခုန်မင်စွာ ရင်ခုန်လိုက်ကြရုံ ဒီထက် ဘာမှ မလိုအပ်တော့ဘူးဆိုတာ ကိုယ့်တို့ပဲ သိလိမ့်မယ် ။ ။…
မြို့
မြို့က အပုပ်နံ့နဲ့ လှပ ``လူပါးဝ´´လို့ ဘယ်မလဲ ငါတို့ လိုချင်တဲ့ အမှန်တရားတွေ လမ်းမတွေ ပေါက်ပြဲကုန်တဲ့အထိ ရှာမတွေ့ခဲ့ သီချင်းချိုတွေလည်း ခါးခဲ့ ဖိသိပ်ထည့်ထားတဲ့ ဒဏ်ရာတွေ အုံလိုက်ကျင်းလိုက် ပိတ်ဆို့ထားတဲ့ တံခါးတွေ အထပ်လိုက် အချပ်လိုက် အရေခွံအပုပ်နဲ့ ရောဂါသည်မြို့လေ `လေ´အားလျှပ်စစ်နဲ့ မီးလင်းမယ့် မြို့လေ ချွေး၊ သွေး၊ အသက်တွေ အကြွေးထူနေတဲ့ ကျုပ်တို့ မြို့လေ မြို့ရဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့ အမှန်တရား နဲ့ တရားမျှတမှု ခေါင်းပါးတဲ့ ဘဝတွေ တဖြုတ်ဖြုတ်ကြွေ ကယ်တင်ရှင်နတ်ဘုရားတွေလည်း အောက်ခြေလှိုက်စားခဲ့ ကျုပ်တို့ကို ကယ်တင်ဖို့ ကျုပ်တို့ ကိုယ်တိုင်ပဲလိုတယ် ကဲ … မြို့ရေ နေနှင့်ဦးပေါ့ကွာ ။…