မျဥ်းဖြူများ
အခါးတွေက လျှာပေါ်ရောက်မလာဘူး နှလုံးသားထဲ စိမ့်ဝင်သွားတယ်။ အရက်က ချိုတယ်။ နောင်တက ခါးတယ်။ အမှန်တရားဟာ လည်ဂုတ်ထဲ ထိုးသွင်းလိုက်တဲ့ ဝက်အူလှည့်ပဲ ပြန်လမ်း ... ပျောက်။ အမှန်နဲ့ အမှားကြားက အဖြူရောင်မျဥ်းများ သူငယ်ချင်းတွေကြားက အဖြူရောင်မျဥ်းများ အချစ်နဲ့အမုန်း အဖြူရောင်မျဥ်းများ အခု မရှိတော့ဘူး... သုညတွေကို မီးပုံရှို့ ပြာတွေကြားက ရုန်းထဖို့ ကြိုးစားခဲ့တဲ့ ငှက်ငယ် လေထဲလွင့်ပျံတဲ့ ပြာမှုန်လေးတွေအဖြစ်နဲ့ပဲ အေးချမ်းစွာ အနားယူပါတော့ လူကျန်တွေကတော့ ရှေ့ဆက် အခါးတွေ ထမ်းထားကြရုံပါပဲ။ Ref : White Lines Netflix series 25/05/2020 မနက် ၃း၄၈…
နံဟောင်နေသော အိမ်မက်များ
ဘယ်သူမှ မရွေးချယ်တဲ့ နိုးထမှု ပိတ်မိနေသော မျက်နှာဖုံးများ ကမ်းလက်ရဲ့အဝေးမှ မျက်ရည်မိုးများ သက်ပြင်းတွေ သက်ပျင်းတွေ အသက်ပြင်းတွေ ကျည်ဆံခွံထဲ ပြေးဝင်ပုံးခဲ့ရတဲ့ အသက်အတွေ အိမ်ပြန်မရောက်တော့တဲ့ ခရီးသည်တွေရဲ့ မျှော်လင့်ချက်အပိုင်းအစတွေ ငါ ရပ်ကြည့်နေမိတယ်...။ ငါ့ရဲ့ စိုးထိတ်မှုက ခပ်လှမ်းလှမ်းမှာ ငါ့ရဲ့ ဂရုဏာက ခပ်လှမ်းလှမ်းမှာ ငါ့ တိုင်းချစ်ပြည်ချစ်စိတ်က ခပ်လှမ်းလှမ်းမှာ မွေးထဲက ပါလာတဲ့ နှာခေါင်းနှစ်ပေါက်ပါ ဘာလို့ အခုတစ်လောမှ သက်ရှု မဝ ဖြစ်နေရသလဲ ည ၃နာရီ…
ငါမဖြေနိုင်တဲ့ မေခွန်းများစွာ ကျန်နေခဲ့တယ်။
ကျန်နေခဲ့မယ်။ စက္ကန့်တွေ တစ်ရွေ့ရွေ့ ဝေးကွာသွား သက်ပြင်းမှာ ကြယ်တွေ ပွင့်တယ်။ ငါကျောခိုင်းခဲ့သော ငါမျက်မောက်ပြုနေသော မွန်းကျပ်ခြင်းတွေ ပျော်စရာ ကမ္ဘာ ဖြစ်ပါစေ။ အနာတွေ မွေးမြပါစေ။ ဒါဟာ အဓိပ္ပါယ် မရှိတဲ့ ကဗျာ ဖြစ်ခဲ့တယ်။ ဖြစ်နေခဲ့မယ်။ မငြင်းဆိုမှုမှာ အဓိပ္ပါယ်တွေ လေးနက်ပါစေ။ ဆန့်ကျင်မှုတွေ တွေ့ဆုံပါစေ။ နောက်ဆုံးမှာ ဗလာ။ ၀၁ ဧပြီ ၂၀၂၀ ညနေ ၆း၃၇…
ကိုဗစ်-၁၉
ကဗ္ဘာကြီး ဖျားနာ လူတွေလည်း ဖျားနာ လူတွေကို ကယ်တင်ဖို့ ကဗ္ဘာကြီးရောက်လာ ကဗ္ဘာကြီးကို ကယ်တင်ဖို့ လူတွေရောက်လာ ပိတ်ဆို့မှုတွေ မွန်းကြပ်မှုတွေ ကြောက်ရွံ့ စိုးရိမ်မှုတွေ သွေးစိမ်းရှင်ရှင် သံသယတွေ တစ်ချို့ဘဝတွေ ပဲ့ကျသွား တစ်ချို့ဘဝတွေ အသက်ရှုကြပ် စီးဆင်းမှုထဲ လူသားဆန်မှုတွေ အရည်ပျော်လာ စီးဆင်းမှုထဲ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးအမှိုက်တွေ ပိတ်ဆို့ ဒဏ်ရာတွေ အထွေးလိုက် မျှော်လင့်ခြင်းတွေ အထွေးလိုက် ရီနေတာ ငိုနေတာ ပေးဆပ်မှုတွေ အသိမှတ်ပြုလိုက်ရဲ့ ကဗ္ဘာကြီးလည်း လည်နေတုန်း လူတွေလည်း ရှင်သန်ရုန်းကန်နေတုန်း ၁၇/၀၃/၂၀၂၀ ၁၈း၅၁…
တကယ်မရှိတဲ့ဘဝ
တကယ်မရှိတဲ့ဘဝ တကယ်မရှိတဲ့နေ့ တကယ်မရှိတဲ့ည တကယ်မရှိတဲ့ပျော်ရွှင်ဖွယ်တွေ ငါတို့ဟာ တိမ်တွေနဲ့လည်း အိမ်မက်တံတားဆောက်ခဲ့ဖူးပြီ နာမကျန်းမှုမှာ ကွမ်းယာဆိုင်က ဆေးလည်း အစွမ်းပြခဲ့ဖူးပြီ နတ်လူသာဓုခေါ်ဖို့ လှော်စက်နဲ့ အလန့်တကြား အော်ရက်ခဲ့ပြီ တကယ်မရှိတဲ့ ငါတို့ရဲ့ အိမ် တကယ်မရှိတဲ့ နွေးထွေးလုံခြုံရာ တကယ်မရှိတဲ့ ခိုကိုးရာမဲ့ကြောက်ရွံ့ခြင်းတွေ ငါတို့ဟာ မျက်ရည်နဲ့ ဒေါသနဲ့၊ စစ်ဘေးလည်း ရှောင်ခဲ့ဖူးပြီ တရားဝင် စိတ်သဘောထားပြောင်းလဲခြင်းကို ဂျာနယ်မှာလည်း ဖတ်ခဲ့ဖူးပြီ လွတ်တော်ကြီးကို ဘယ်သူဆောက်ပေးခဲ့သလဲလို့လည်း မေးခွန်းထုတ်ခဲ့ဖူးပြီ တကယ်မရှိတဲ့ ချေးငွေတွေ တကယ်မရှိတဲ့ ကတိကဝတ်တွေ တကယ်မရှိတဲ့ MBAတွေ တကယ်မရှိတဲ့ သက်ငယ်မှုဒိန်းတွေ တကယ်မရှိတဲ့ တကယ်မရှိမှုတွေ ငါတို့လည်း နေဝင်တတ်ခဲ့ပြီ ဘုံဆိုင်လေးဟာ လမ်းပျောက်ခဲ့ဖူးပြီ တကယ်မရှိတဲ့ဘဝတွေ တကယ်မရှိတဲ့နေ့ တကယ်မရှိတဲ့ည ၀၆/၀၃/၂၀၂၀ ၇:၁၉ည…
နွေ ၂.၀
သစ်ရွက်ကလေးတွေ ခြောက်သွေ့တော့မှာလား နွေ ငါတော့ ကြွေကျလိုက်ဖို့ အဆင်သင့်ရယ်လေ ဒုက္ခတွေပွင့်တဲ့ သစ်ပင်ပေါ့ ဒဏ်ရာတွေ သွေးတိတ်ဖို့ ဒဏ်ရာနဲ့ ကုစား ရှင်သန်ကြီးထွားခြင်းမှာ သွေးစိမ်းရှင်ရှင်နဲ့... ပူလောင်ခြင်းတွေ ရောက်နှင့်နေပြီလား နွေ ကြာတော့ ပက်ကြားအပ်ခန္ဓာနဲ့ စားမကောင်းတဲ့ သားကောင်ပေါ့ အပျော်သဘော လောင်မြိုက်ခြင်းမှာ မျက်ရည်ဟာ ဓာတ်စာ ဖြစ်ခဲ့ရ။ နွေနဲ့ငါ တစ်နှစ်မှ အချိတ်အဆက် မမိတော့ ... 04/03/2020 11:53am…
ညမီး
ပြတင်းပေါက်ကနေ လရဲ့အရောင်လေး အိတွဲကျလာ ယုဇနပန်းရနံ့လေးတွေ လေထဲ ခိုနား အိမ်မက်အဖျားထိရောက်လာတယ် အမှောင်ထဲ ငါက ထိုင်ငေးနေရုံလေး အမှောင်ထဲ ငါက သတိရနေတယ်ဆိုရုံလေး အရှုံးတွေ မတောင်းပဲ ပေးခဲ့မိ အလွမ်းတွေကျ မပေးပဲ ယူခဲ့မိ ဒီမီးတောက်ထဲ ပျော်နေတယ် ပျော်နေတယ်…
ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ
ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ လက်ဖျားလေးတွေဆီ စီးဆင်းသွား ကိုယ့်လက်လေးတွေ တုန်ရီလာတယ် ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ နှာဖျားလေးဆီ စီးဆင်းသွား ကိုယ့်အသက်ရှုသံဟာ ရှိုက်သံခတ်လာတယ် ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ နှလုံးသားဆီ စီဆင်းသွား ကိုယ်ဟာ ဖယောင်းရုပ်လေးဖြစ်သွားတော့တယ် ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ ဦးနှောက်ဆီရောက်မလာခဲ့ဘူး ၀၂/၀၈/၂၀၁၉ ည ၁၁…
လောင်ကျွမ်း
တငွေ့ငွေ့လောင်ကျွမ်းခြင်းတွေ ရင်ထဲ ဖွဖွလေးပိုက်ထားမိတယ် အို ဖြေမပြပါဘူး ကိုယ့်လောင်ကျွမ်းမှုတွေ သူဟာသူရှိပါစေလေ ၂၇ မေ ၂၀၁၉ ည ၁၁…
ဘဝတွေ
ဘဝတွေက ဒီလိုပဲ ရှိနေခြင်းကို လက်ခံဖို့ ရှိခဲ့ခြင်းကို မမေ့လျော့ဖို့ တန်ဖိုးများ သက္ကရစ်များ ငါလစ်လျှူရှုခဲ့သော တငွေ့ငွေ့လောင်ကျွမ်းဆဲနာကျဉ်းမှုများ သတိရခြင်းတွေက လတ်ဆတ်ပြီး မြင်ကွင်းကားချပ်တွေက တဖြည်းဖြည်း မှုန်ဝေလာတယ် ၂၂-၀၅-၂၀၁၉ ၂:၂၃ မနက်…