ငါတုန်ခါနေ
တုန်ခါမှုလေးကနေ အသံဖြစ်တယ် တုန်ခါမှုလေးကနေ ရှင်သန်မှုလေးဖြစ်ခဲ့တယ် တုန်ခါမှုလေးကနေ ခံစားမှုတွေ ဖုန်ထ နေတယ် စိတ်အမျှင်တို့ ပြန့်ကားရာ အဆုံးမဲ့ တချို့နှလုံးသားတွေဆီ အသံတွေ ရောက်မလာတော့ဘူး နှစ်ချို့အဆိပ်တွေ ချိုမြိန်တုန်းလား…
မွေးနေ့အလွန်တစ်ရက်
လေတွေသိပ်တိုက်တာပဲ မုန်တိုင်းရှိသလား ပင်လယ်လေရှုသူတွေကို အားကျရုံလေးပဲ ငါဟာ လေးလံလွန်းခဲ့တယ် နာရီတွေ တစ်ရွက်ချင်းကြွေ သေခြင်းတရားရဲ့အလျားနဲ့အနံကိုတိုင်းဖို့ ငါ့လက်တွေ တုန်ယင်လို့ အသားထဲ အသွေးထဲ အရိုးထဲ အောက်စီဂျင်တွေ အဆိပ်ဓာတ်ပြုခဲ့ပြီ မှုန်ဝါးဝါး အခန်းကျဉ်းညလေး ဒါဏ်ရာကျဲကျဲနဲ့ ဝိုင်းထားလိုက်ပြီ ဖယောင်းတိုင်ထွန်းဖို့ အလင်းမှုတ်ဖို့။ ၁၀ မတ် ၂၀၁၉ ၁၁:၂၀ ည…
အချစ်ကဗျာ
ငြိမ်ငြိမ်လေးထိုင်ပြီး စဉ်းစားဖို့ လိုတာပေါ့ အချစ်အကြောင်းပြောချင်တဲ့အခါ အချစ်ကဗျာရေးချင်တဲ့အခါ သုံးဆယ်အလယ်စိတ်ကလေးက တံလျှပ်တွေလို ယောက်ယက်ခပ်လို့ ရှင်မက ဘာတွေငြိမ်နေတာလဲတဲ့ သားအကြီးက အဖေ လူဆိုးလုပ်တဲ့ သူက ရဲ သားအငယ်က အဖေကို မြင်းလို စီး ဒီးဒီးဒိုင်းဒိုင်း သာလိကာလေးတွေလို သတင်းရေဒီယိုအိုကြီးလို ညအိပ်ယာမဝင်မချင်း ကြည့်လေ ဒီညကြီးတစ်ခုလုံကိုက အချစ်ကဗျာကြီးပဲ…
နွေ
မြစ်က ကျဉ်းပြီး ရေစီးက ကြမ်းလွန်းတယ် အိမ်မက်အကျိုးတွေနဲ့ အချစ်အကြောင်းပြောတဲ့အခါ ကွက်လပ်တွေ နေရာတကာ ဒီတစ်နွေလုံး ဒီသစ်ပင်က တအုန်းအုန်းကြွေမဆုံး...…
ဟေး ဒီဇင်ဘာ
ကမ္ဘာတစ်ဖက်ခြမ်းက နှင်းတွေဟာ ခါးနေတုန်းလား ဒီမှာတော့ မိုးရေတွေ ခါးလို့ ဒို့လူအုပ်ကြီး ပျော်နေကြတာ မြင်မကောင်းဘူး ဖျားလို့၊ နာလို့၊ ငါသေချင်တယ်၊ ငါသေချင်တယ်၊ အဆက်မပြတ် အော်လို့ ဒို့လူအုပ်ကြီး ပျော်နေတာ မြင်မကောင်းဘူးလေ မိထွေးဘုရင်မကြီးက စနိုးဝိုက်လေးကို အဆိပ်ခတ်ထားတဲ့ မိုဘုန်းဖုန်းလေး ပေးလိုက်တာတွေ့တော့ ဒို့လူအုပ်ကြီးက သဘောအကျကြီးကျပြီး ပြုံးနေလိုက်တာ နေဝင်ချိန်အိပ်တန်းတက် ငှက်အုပ်တွေကိုတောင် ကြည့်ဖို့ မေ့နေခဲ့ပြီတဲ့လေ ့ဒီပုံပြင်ထဲက စကားလုံးတွေဟာ သားသတ်သမားရဲ့ဓားတွေလို လူအုပ်ကြီးကို ထိရှနေလိုက်တာ လူအုပ်ကြီးခမျာမှာ ပျားအုံကြီးလို တစ်အုံးအုံး တုံခါလို့ အင်ဂျင်အိုကြီးလို တဒိုင်းဒိုင်း မြည်ဟီးလို့ အမှောင်မိုက်ထဲ လူအုပ်ကြီးဟာ ပျော်လို့ပေါ့ ပုံပြင်ကတော့ စက္ကန့်လက်တံတွေကြား အပိုင်းပိုင်း ပြတ်ရရှာ။ ဟေး ဒီဇင်ဘာ နှင်းတွေကို မလာနဲ့တော့လို့ ပြောလိုက်တော့။ ၁၃/၁၂/၂၀၁၈ ညနေ ၆း၄၀…
လူရွှင်တော်
လူရွှင်တော်ဟာ မပျော်မရွှင် သူ့နှုတ်ခမ်းတွေက ရယ်မရတော့ဘူး ကို့ယို့ကားယား အကျီၤပွကြီးက ဝမ်းနည်းဖွယ် လေထဲ တဖြတ်ဖြတ် ခတ်လို့ ဘာကြောင့် ဒါကြီး ဝတ်ထားသလဲ ရယ်သွမ်းဖွဲ့ ကလေးတစ်သိုက်မေးကြတော့ ပုံပမ်းပျက်ခန္ဓာ၊ ဒဏ်ရာတွေကြောင့် ပိုနာကျင်လာရပေါ့။ ဒီလိုပဲ သားသတ်သမား လက်ထဲ ရုန်းကန်ရင်း ဒီလိုပဲ ပုတ်ပွမှုတွေကို မိုးပျံပူဖေါင်းထဲထည့်ရင်း လူရွှင်တော်ဟာ မပျော်မရွှင် သူ့မျက်လုံးတွေဟာ ကျေနပ်မှုကို ရှာမတွေ့တော့ဘူး သူ့နားတွေဟာ သာယာဖွယ်တွေ မကြားရတော့ဘူး အမှောင်တကာ့ အမှောင်ထဲ သူဖွက်ထားတဲ့ မျှော်လင့်ချက်လေး ကျကွဲ မျက်ရည်နဲ့သူ ခွဲခြားမရတော့ မျက်ရည်ကို သူ ရှာမတွေ့တော့ သူ၊ ဝမ်းနည်းခြင်းထဲရပ်နေပုံက တိတ်ဆိတ်ခြင်းအမှောင်နဲ့ တစ်သားတည်း သူ့လက်ထဲမှာတော့ ပျော်ရွှင်ခြင်းမျက်နှာဖုံးကို အဆင်သင့်ကိုင်ထားလေရဲ့။ ၁၄/၁၂/၂၀၁၈ ညနေ ၅း၁၂…
ကိုယ်ပိုင်မြစ်
ခါးရင်လည်း ခါးလိုက်လို့ရတယ် ဘယ်သူမှ အရောင်လာဆိုးလို့မရဘူး စီးတာတော့ ဆက်စီးဆင်းနေဦးမှာပဲ ဘယ်တော့မှ နှစ်ခါပြန် မစီးဘူးဆို က်ုယ်မျက်ရည် ကိုယ်ပြန်သောက်သုံး water under the bridge တွေ များခဲ့ပြီ ရေတံခွန်တွေရဲ့ ဝေးဝေးမှာ ငြိမ်ငြိမ့်လေး မျောပါရစေ ဒီ ကိုယ်ပိုင်မြစ်ဟာ ဘာအမှတ်အသားမှ မလိုဘူးတဲ့။ ၂၄-၀၉-၂၀၁၈ ည ၁၁:၃၄…
သူလိုကိုယ်လို တနင်္လာ
တနင်္လာဟာ မုတ်ဆိတ်ပွတ်နေတယ် ခေါင်းကိုက်နေတယ် မြင်နေကျ စာသားတွေပဲ ဖြစ်ဖူးနေတဲ့ ခံစားချက်တွေပဲ စကားတွေ ထပ်ခါ ပြောမိတယ် တနင်္လာဟာ တနင်္လာ သိပ်ဆန်လွန်းတယ် ငြီးငွေ့ဖွယ် ထစ်ချုန်း စိတ်ကျ ထစ်ချုန်း နမိတ်မလှ နာရီတွေ နှေးလွန်းတယ် မြန်လွန်းတယ် သံသယရှိဖွယ် တနင်္လာဟာ ဇာတ်လမ်း အတက်အကျမရှိဘူး မလှုပ်ဘူး ငြိမ်ငြိမ်လေး အိပ်ငိုက်တယ် တစ်တောက်တောက် စာတွေရိုက်တယ် ဘာကိုစောင့်မှန်းမသိ စောင့်နေတယ် တနင်္လာရဲ့ အရိပ်တွေဟာ ရှည်လျားခဲ့တယ်။ ခေါက်ရိုးကျိုးဒီကဗျာဟာ အစွန်းထင်ခဲ့တယ်။ ငါဟာ တနင်္လာဖြစ်ခဲ့တယ်။ ၁၆ အေပြီ ၂၀၁၈ ညနေ ၅နာရီ ၇မိနစ် (သြင်္ကန်အတက်နေ့)…
ငါဟာစက်ရုပ်လို
စက်ရုပ်တွေတောင် ငါ့ထက် စဉ်းစားတွေးခေါ်မှု ပိုဦးမယ် ငါ့ဦနှောက်ထဲမှာတော့ ဗလာ လက်တွေ အဆက်မပြတ်လှုပ်ရှားနေတယ်။ မျက်လုံးတွေ အစဉ်ဟိုဒီကြည့်နေတယ်။ ခေါင်းက ဘယ်ဘက်လှည့်တယ် ညာဘက်လှည့်တယ်။ ခန္ဓာဟာ ဟိုဘက်ဒီဘက် ရွေ့လျားနေတယ်။ နှလုံးတော့ မခုန်ဘူး။ တစ်ရစ်ပြီး တစ်ရစ် မြွေလို ညောင်မြစ်လို ကင်ဆာဆဲလ်လို…
သွေးနံ့ရတယ်
သွေးနံ့ရတယ် လျှာပေါ်မှာ သွေးညှီစို့စို့ ငန်နေတယ်။ ကောက်ကျစ်မှုတွေ ကွေးကောက်နေတယ် အာရုံပေါ် မြွေလို ကန့်လန့်ဖြတ် တင်နေတယ်။ မြင်နေရတဲ့ အမှောင်က အမှောင်လား ငါ့စိတ်ထဲက အမှောင်လား။ ကြောက်လန့်မှုမှာ စက်ဆုတ်ရွံရှာမှု ဒီဂရီ ပိုများနေတယ် သေခြင်းမှာ ရနံ့ရှိတယ်လား။ တုန် ခါ နေ... ပြုံးလိုက်ဖို့ကို ငါမတတ်နိုင်ခဲ့ဘူး။ ၂၄-၀၁-၂၀၁၈ (ညနေ ၆း၃၈ စင်ကာပူ)…